ဒီအချက်တွေအရင်ဖတ်ပြီးမှအလုပ်ပြောင်းပါ

အလုပ်တစ်ခုကနေ တစ်ခုပြောင်းရတယ်ဆိုတာ လက်တွေ့မှာတော့ တကယ်မလွယ်ကူလှပါဘူး။ ကုမ္ပဏီတစ်ခုမှာ အချိန်အကြာကြီးလုပ်ခဲ့တာနဲ့အမျှ နောက်အလုပ်တစ်ခုပြောင်းဖို့ ပိုစဉ်းစားရတာတွေများလေပါပဲ။ကိုယ့်ဘဝရဲ့ အချိန်တော်တော်များများကို ပေးဆပ်ထားခဲ့တဲ့ နေရာတစ်ခုကို စွန့်ခွာဖို့ဆိုတာ တော်တော်ခက်တဲ့ကိစ္စတစ်ခုပါ။

သင်ဟာ ငယ်ရွယ်ပြီး မတူတဲ့အလုပ်အတွေ့အကြုံလိုချင်လို့ဖြစ်စေ ဒါမှမဟုတ် လက်ရှိလုပ်ငန်းခွင်မှာ အချိန်အကြာကြီးလုပ်ခဲ့ပြီး နောက်ထပ်စိန်ခေါ်မှုအသစ်တွေကို လိုချင်နေတဲ့ အတွေ့အကြုံရှိပြီးသားသူတွေဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို ဖတ်ပြီးမှနောက်အလုပ်တစ်ခုကိုပြောင်းဖို့ဆုံးဖြတ်နိုင်ပါတယ်။

(၁) အကျိုးအမြတ်ထက် လက်တွဲလုပ်ရမဲ့လူတွေကိုဦးစားပေးရွေးချယ်ပါ

အလုပ်ထွက်သွားတဲ့လူတော်တော်များများက ကုမ္ပဏီကိုစွန့်ခွာချင်တာထက် Boss တွေ မန်နေဂျာတွေကြောင့် ထွက်သွားကြတာများပါတယ်။
သင်နဲ့အလုပ်တွဲလုပ်ရတဲ့လူတွေဟာ သင့်ရဲ့တိုးတက်မှု ဆုတ်ယုတ်မှုတွေကိုအများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ အလုပ်အသစ်တစ်ခုမှာတော့ ကိုယ်လက်တွဲလုပ်ရမဲ့လူတွေအကြောင်းကိုတော့ ကြိုမသိနိုင်တာမျိုးတွေရှိပေမဲ့ တတ်နိုင်သလောက်တော့ ရတဲ့သတင်းအချက်အလက်တွေစုဆောင်းပြီး ကိုယ်လုပ်ရမဲ့အလုပ်ခွင်အကြောင်းကြိုတင်စုံစမ်းထားသင့်ပါတယ်။ လစာတစ်ခုတည်းကိုပဲကြည့်ပြီးမဆုံးဖြတ်လိုက်ပါနဲ့။

(၂) အလုပ်ကိုချစ်သူတော်ကြည့်ပါ

သင်ကအရင်အလုပ်ကိုချစ်ကြည့်လိုက်ရင် အလုပ်က သင့်ကိုပြန်ချစ်လာမှာပါ။ အလုပ်အသစ်တစ်ခုပြောင်းတော့မယ်ဆိုတိုင်း အဲ့ဒီအလုပ်သစ်ကို ကိုယ်ကြွေသွားစေနိုင်မဲ့ အချက်လေးတွေအရင်ရှာထားရမှာပါ။ ကိုယ်တန်ဖိုးထားဂုဏ်ယူရတဲ့ အလုပ်မှာလုပ်နေရတယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှမတူပါဘူး။

(၃) စိန်ခေါ်မှုတွေအတွက်အသင့်ပြင်ထားဖို့လိုပါတယ်

စိန်ခေါ်မှုတွေကနေ သင်ယူစရာတွေအများကြီးရှိပါတယ်။ ဒါတွေကပဲ ကျွန်တော်တို့ကိုပိုပြီးတော်လာတဲ့လူတွေအဖြစ် အသွင်ပြောင်းပေးလိုက်တာပဲမဟုတ်လား။

(၄) အလုပ်အသစ်က ကိုယ့်ဘဝတိုးတက်ဖို့အလားအလာရောရှိရဲ့လား

အလုပ်ကတော့ ကောင်းပါရဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက် ဘာတစ်ခုမှ လုပ်ဖို့အချိန်မရှိဘူးဆိုတာကို လူတော်တော်များများကြုံဘူးကြပါတယ်။ အလုပ်ကဘဝမှာအရေးကြီးတာတော့မှန်ပေမဲ့ သင့်ကိုယ်ပိုင်ဘဝအတွက် ကိုယ်စိတ်ဝင်စားတာလေးတွေလုပ်ကြည့်ဖို့ ကိုယ်တက်ချင်တဲ့သင်တန်းတွေတက်ဖို့ စတဲ့ဘဝတိုးတက်ရေးတိုးတက်ရာတွေ လုပ်ဖို့အတွက်လည်းမဖြစ်မနေစဉ်းစားရမှာပါ။

(၅) ရွေးစရာတွေကတော့အများကြီးပါ

ဘဝအတွက်ဆုံးဖြတ်ချက်ကြီးကြီးတွေချရတယ်ဆိုတာတကယ်တော့တော်တော်ကြီးစဉ်းစားပြီးမှ လုပ်ရတာမျိုးမို့ သေသေချာချာစဉ်းစားပြီးမှပြောင်းသင့်ပါတယ်။မှားသွားတယ်ဆိုရင်လည်းဒီအလုပ်ကနေ နောက်ထပ်တစ်ခုကိုထပ်ပြောင်းဖို့ မတွေဝေနေသင့်ပါဘူး။ ဘဝကတိုတိုလေးပါ။ အချိန်ရှိနေသရွေ့ ကြိုးစားနိုင်တဲ့အခွင့်အရေး လူတိုင်းမှာအပြည့်ရှိပါတယ်။

အထက်မှာဖော်ပြပေးခဲ့တာတွေက စာဖတ်သူတွေရဲ့ career life မှာ တစ်ဖက်တစ်လမ်းမှာအထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း သင့်တော်မဲ့ လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာတွေထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်အားပေးနေစေချင်ပါတယ်။

အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။ ပြီးနောက် Quantum Talent ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။ သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။

Career နှင့်ပါတ်သက်သော ဗဟုသုတများ ရရှိရန်အတွက် ကျွန်ုပ်တို့ Quantum Talent Facebook Page ရှိ နောက်ဆုံးတင်ထားသော Job Advertisements များနှင့် ဆောင်းပါးများကိုလည်း မှန်မှန်ဝင်ကြည့်ရန် ဖိတ်ခေါ်ပါရစေ။ ဤဆောင်းပါးကို တစ်ခုထက်ပိုမိုသော မူရင်းဆောင်းပါးများမှ မှီငြမ်း ဘာသာပြန်ထုတ်နုတ်ထားပါသည်။

Leave a Comment