‘ ဘဝမှာအောင်မြင်ဖို့အတွက်နည်းအသွယ်သွယ် ‘

သင်ဘယ်အရွယ်မှာပဲရောက်နေသည်ဖြစ်စေ၊ ဘယ်နေရာမှာပဲနေထိုင်နေသည်ဖြစ်စေ ဒါမှမဟုတ် သင်ဘယ်လိုအသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲလုပ်ကိုင်နေစေဦးတော့ အခြားသူတွေလိုပဲ သင့်မှာပြင်းပြတဲ့စိတ်ဆန္ဒတစ်ခုတော့ရှိပါတယ်။ ဒါကတော့ အောင်မြင်ချင်တဲ့စိတ်ပါ။ အောင်မြင်မှုရဲ့အဓိပ္ပာယ်ကို လူတစ်ဦးတစ်ယောက်စီရဲ့ ခံယူသတ်မှတ်ထားပုံခြင်းမတူကြပါဘူး။

တစ်ချိူ့ကတော့ ပိုက်ဆံတွေချမ်းသာမှ အောင်မြင်တာ၊ တခြားသူတွေကတော့ ပညာတွေတတ်မှ၊ ကျန်းမာရေးတွေကောင်းပြီး လူတိုင်းသိတဲ့ထင်ပေါ်ကျော်ဇောသူဖြစ်မှ အောင်မြင်တာဆိုပြီး အယူအဆတွေကတော့အမျိုးမျိုးမတူပဲရှိတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်တို့ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ စိတ်ဆန္ဒတစ်ခုကတော့ ဘဝမှာအောင်အောင်မြင်မြင်နဲ့ တစ်သက်လုံးအဆင်ပြေပြေနေသွားဖို့ပါပဲ။

ဒီလိုအောင်မြင်မှုကိုရဖို့တော့ လွယ်လားဆိုရင် မလွယ်ပါဘူး။ ဘဝမှာဘယ်လိုအရာမှတော့ လွယ်လွယ်ကူကူမလာတတ်တဲ့အတွက်ကြောင့်မို့ သင်ဟာ တကယ်အောင်မြင်ချင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ဖြင့် အောက်မှာဖော်ပြထားတဲ့အချက်တွေကို သေချာလိုက်နာကျင့်သုံးဖို့တော့လိုအပ်ပါတယ်။

(၁) ရည်မှန်းချက်ကြီးကြီးထားပါ

လူတွေရဲ့ဘဝမှာ အန္တရာယ်အရှိဆုံးအရာကတော့ ရည်ရွယ်ချက်တွေကိုကြီးကြီးထားပြီးဖြစ်မလာတာမဟုတ်ပဲ တော်ရုံတန်ရုံလောက်မှန်းပြီး ဖြစ်လာတဲ့ရလဒ်ကိုပဲ ဂုဏ်ယူနေတတ်တာပါ။

(၂) ကိုယ်တပ်မက်တဲ့အရာကိုသိအောင်လုပ်ပါ၊ ပြီးရင် အဲ့ဒါကိုဖြစ်အောင်လုပ်ပါ

အမေရိကန်နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးကအခုလိုပြောပါတယ် ‘ သင့်သိပ်နှစ်သက်တဲ့အလုပ်ကိုသင်လုပ်နေရင်း ပိုက်ဆံတွေရနေပြီဆို သင်ဟာအောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းရဲ့တစ်ဝက်ကိုရောက်နေပြီလို့သာမှတ်ထားလိုက် ‘

(၃) ဘဝကိုမျှတစွာနေထိုင်ပါ

အလုပ်လည်းလုပ်ပါ၊ အလုပ်လုပ်ရင်းလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအတွက်လည်း အချိန်ပေးပြီး သင်ဝါသနာပါရာတွေအတွက် လမ်းသစ်တွေထွင်နေသင့်ပါတယ်။ တစ်ဖက်တည်းမှာ အာရုံကိုပုံထားမိရင်း ဘဝနဲ့ အလုပ် ဟန်ချက်မညီတော့ပဲ ဘယ်အရာမှာမှ အောင်မြင်မှုဆိုတာကို သင်ခံစားရမှာမဟုတ်တော့ပါဘူး။

(၄) ရှုံးနိမ့်မှုတွေကိုမကြောက်ပါနဲ့

လဲရင်ပြန်ထရမှာ လူ့ဘဝပါ။ အရှုံးဆိုတာဟာလည်း နောက်တစ်ကြိမ်အသစ်ကနေပြန်စဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။

(၅) အရှုပ်အထွေးတွေကြားဝင်မပါမိပါစေနဲ့

ပြသနာကိုရှောင်လွှဲလို့မရပေမဲ့ ပြသနာဖြစ်မလာအောင်တော့ရှောင်ရှားလို့ရပါတယ်။ လူတွေနဲ့လိုက်လျောညီထွေနေနိုင်ခြင်းဟာလည်း အောင်မြင်မှုအတွက်လမ်းစတစ်ခုပါပဲ။

(၆) အကြံဉာဏ်သစ်တွေကိုချပြဖို့နောက်မတွန့်ပါနဲ့

အောင်မြင်မှုတွေတိုင်းက အသစ်ကနေစခဲ့ရတာကြီးပါပဲ။ ဖြစ်လာမှာမဟုတ်လောက်ပါဘူးလေဆိုတဲ့အတွေးနဲ့တော့ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို သတ်မပစ်ပါနဲ့။

(၇) သင်လုပ်နိုင်တယ်ဆိုတာအဆုံးစွန်အထိယုံကြည်မှုရှိပါ

အကြိမ်တစ်ရာထိသင်ရှုံးနိမ့်နေပေမဲ့ တစ်ရာ့တစ်ကြိမ်မြောက်မှာ သင်အောင်မြင်နိုင်ပါသေးတယ်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်လက်မလျှော့တမ်းကြိုးစားနေဖို့ပဲလိုတာပါ။

(၈) အကောင်းမြင်စိတ်မွေးပါ

အရာရာကိုအကောင်းဘက်ကလှည့်တွေးတတ်တဲ့သူတစ်ယောက်ကို ဘယ်လိုအဆိုးဝါးဆုံးအခြေအနေကမှ သူ့ရဲ့ အောင်မြင်မှုကိုမရပ်တန့်နိုင်ပါဘူး။

(၉) စိတ်ပျက်အားလျော့မှုတွေကို သည်းခံပါ

လမ်းဆုံးထိရောက်အောင်လျှောက်ဖို့ပဲ သင်ဦးတည်ရမှာပါ။ ကြားမှာဝင်လာတဲ့အနှောက်အယှက်တွေကြောင့် သင့်စိတ်ဓာတ်တွေပျက်ပြားသွားတာမျိူးအဖြစ်မခံပါနဲ့။

(၁၀) သူများတွေထက်ခေါင်းတစ်လုံးပိုမြင့်နေပါစေ

သာမန်လူတွေလောက်ပဲ သင်အားထုတ်ရင် သာမန်လူတွေရတဲ့အောင်မြင်မှုလောက်ပဲသင်ရမယ်ဆိုတာ မဆန်းပါဘူး။ သူများထက်ပိုအောင်မြင်ချင်ရင်တော့ ထိုလူတွေကြိုးစားတာထက် ဆယ်ဆ ပိုကြိုးစားရမှာဖြစ်ပါတယ်။

(၁၁) ရဲရင့်ခြင်းသာအောင်နိုင်ရာ

Apple ရဲ့ဖခင်ကြီး Steve Jobs ကပြောခဲ့ပါတယ်

‘ သင့်နှလုံးသားရဲ့ ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ပြည့်ဝတဲ့ သတ္တိသာရှိပါစေ ကျန်တာတွေအလိုလိုဖြစ်လာပါလိမ့်မယ် ‘

အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။ ပြီးနောက် Quantum Talent ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။ သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။

Career နှင့်ပါတ်သက်သော ဗဟုသုတများ ရရှိရန်အတွက် ကျွန်ုပ်တို့ Quantum Talent Facebook Page ရှိ နောက်ဆုံးတင်ထားသော Job Advertisements များနှင့် ဆောင်းပါးများကိုလည်း မှန်မှန်ဝင်ကြည့်ရန် ဖိတ်ခေါ်ပါရစေ။ ဤဆောင်းပါးကို တစ်ခုထက်ပိုမိုသော မူရင်းဆောင်းပါးများမှ မှီငြမ်း ဘာသာပြန်ထုတ်နုတ်ထားပါသည်။

Leave a Comment