LinkedIn အကြောင်းသိကောင်းစရာများ

ကမ္ဘာတစ်ဝှမ်းသုံးစွဲသူပေါင်း သန်းငါးရာကျော်သွားပြီဖြစ်တဲ့ LinkedIn ဟာ အကြီးမားဆုံး Professional Network ဖြစ်လာနေပါပြီ။

LinkedIn ဘာလဲ ဘယ်လိုသုံးမလဲ ?

LinkedIn ကို ကုမ္ပဏီတွေ/အလုပ်ရှင်တွေက ဝန်ထမ်းရှာဖို့သုံးပါတယ်။ ဝန်ထမ်းတွေကလည်း အလုပ်ရှာဖို့သုံးပါတယ်။ အလုပ်ရှာရုံ ခေါ်ရုံတင်မကပဲ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ဖို့ မိတ်ဆွေသစ်တွေရှာဖို့ Communication Platform အသစ်အနေနဲ့ပါရပ်တည်လာပါတယ်။
အသက်မွေးဝမ်းကြောင်းဆိုင်ရာ သီးသန့်အဖွဲတွေဖွဲ့ထားတာတွေလည်း LinkedIn ပေါ်မှာရှိပါတယ်။ စိတ်ဝင်စားတဲ့သူတွေက မိမိနဲ့ဆိုင်တဲ့ အဖွဲ့ကိုရှာဖွေပြီး သွားရောက်အဖွဲ့ဝင်ကာ သတင်းအချက်အလက်တွေ သူငယ်ချင်းတွေရှာဖွေလို့ရပါတယ်။

LinkedIn ရဲ့ Learning Modules တွေကနေတစ်ဆင့် သင်ယူစရာတွေရှာဖွေသင်ယူရင်း ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေပိုတိုးတက်လာစေနိုင်ပါတယ်။

ပထမဆုံးအနေနဲ့

LinkedIn ကိုလက်ရှိသုံးနေကြသူတွေလည်းရှိသလို မကြားဘူးသေး မသုံးဘူးသေးတဲ့လူတွေလည်းရှိဦးမှာပါ။ အရင်ဆုံးအနေနဲ့ LinkedIn Account တစ်ခုတော့ဖွင့်ထားဖို့လိုအပ်ပါတယ်။ လိုအပ်အချက်အလက်တွေသေချာထည့်ပြီးတည်ဆောက်ထားတဲ့ LinkedIn Account တစ်ခုဟာ လုပ်ငန်းရှင်တွေမျက်စိကျစရာဖြစ်သလို မိမိရဲ့ Network ကို ကမ္ဘာနဲ့ချီပြီးဖြန့်ကျက်ထားနိုင်တဲ့ နေရာကောင်းတစ်ခုပါ။

တခြားအရေးကြီးတဲ့အချက်တွေ

ပြင်ပမှာပဲဖြစ်ဖြစ် LinkedIn မှာပဲဖြစ်ဖြစ် First Impression ကအရေးကြီးတယ်ဆိုတာမမေ့ပါနဲ့။Profile မှာတင်ထားမဲ့ပုံက Professional ဆန်တဲ့အတည်အခန့်ပုံမျိုးတွေဖြစ်သင့်ပါတယ်။ Party ပုံတွေ နေကာမျက်မှန်ကြီးတပ်ထားတဲ့ပုံတွေ လုံးဝမတင်သင့်ပါဘူး။

ကိုယ့်ကိုလူတွေသတိပြုမိစေဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာခပ်တိုတိုကို ရေးတင်ထားသင့်ပါတယ်။ သင့်ရဲ့အလုပ်တွေအကြောင်းနဲ့ Personal Skill တွေကို လိုရင်းတိုရှင်းထည့်ရေးထားသင့်ပါတယ်။
ကိုယ်နဲ့အလုပ်တွဲလုပ်ဖူးတဲ့သူတွေဆီကနေ Recommendation တွေတောင်းပြီး Profile မှာထည့်ထားနိုင်ရင်တော့ သင့်အနာဂတ်အလုပ်ရှင်တွေသဘောကျမှာသေချာပါတယ်။

မိတ်ဆွေသစ်တွေကို LinkedIn ပေါ်ကနေဆကိသွယ်တဲ့အခါ Professional ဆန်တဲ့ အရေးအသားတွေနဲ့ပြောဆိုဆက်သွယ်သင့်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေ အလုပ်တွေအကြောင်း မကြာခဏရေးသားပေးသင့်ပါတယ်။

ကိုယ့်အသက်မွေးဝန်းကျောင်းနဲ့ဆိုင်တဲ့ LinkedIn Group တွေကို join ထားပါ။ တချိန်မှာ သေချာပေါက်အထောက်အကူဖြစ်စေမှာပါ။

အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။ ပြီးနောက် Quantum Talent ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။ သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။

Career နှင့်ပါတ်သက်သော ဗဟုသုတများ ရရှိရန်အတွက် ကျွန်ုပ်တို့ Quantum Talent Facebook Page ရှိ နောက်ဆုံးတင်ထားသော Job Advertisements များနှင့် ဆောင်းပါးများကိုလည်း မှန်မှန်ဝင်ကြည့်ရန် ဖိတ်ခေါ်ပါရစေ။ ဤဆောင်းပါးကို တစ်ခုထက်ပိုမိုသော မူရင်းဆောင်းပါးများမှ မှီငြမ်း ဘာသာပြန်ထုတ်နုတ်ထားပါသည်။

Leave a Comment