‘ Online ကနေပဲလွယ်လွယ်ကူကူ အလုပ်လျှောက်ကြမယ် ‘

ဒီနေ့ခေတ်လို Social Media တွေလည်းအရေးပါလာပြီး လူတိုင်းနီးပါး ဖုန်းတွေ အင်တာနက်တွေကိုလက်လှမ်းမှီနေတဲ့အချိန်မှာ ဘယ်သူကမှ အရင်တုန်းကလို့CV Form တွေ မိတ္တူကူးပြီး ကုမ္ပဏီရုံးခန်း တွေမှာလိုက်အလုပ်မလျှောက်ကြတော့ပါဘူး။ အွန်လိုင်း ကနေ အချိန်ကုန်သက်သာ လူမပင်ပန်းပဲ ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီက အလုပ်ကို ကို လွယ်လွယ်ကူကူဘယ်လိုလျှောက်ရမလဲဆိုတာကို ယခုတစ်ပတ်မှာမျှဝေပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာ အလုပ်ခေါ်စာတွေရှာရမလဲ၊ဘယ်လိုရှာမလဲ

Online ကနေရှာမယ်ဆိုရင်တော့ Google နဲ့ LinkedIn ကိုမေ့ထားလို့မရပါဘူး။ Google ကနေတစ်ဆင့် Job Portal တွေရှာပါ၊ Job Portal တွေမှာ ကိုယ်ပိုင် Account ဖွင့်ပြီး Resume ကို တင်ထားလိုက်မယ်ဆိုရင် အဆင်ပြေဆုံးပါ။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုတွေ့တိုင်း “Apply” ကိုနှိပ်ပြီး အလုပ်လျောက်လိုက်ရုံပါပဲ။ အချိန်ကုန်သက်သာစေပါတယ်။ LinkedIn တွေမှာလည်း ကိုယ်လိုချင်တဲ့အလုပ် လျှောက်ချင်တဲ့ ကုမ္ပဏီတွေကိုရှာဖွေပြီးဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်ရှင်နဲ့တောင်တိုက်ရိုက် တွေ့ဆုံစကားပြောခွင့်ရနိုင်ပါသေးတယ်။

Facebook ကနေရော ?

မကြာသေးခင်ကာလတွေမှာ Facebook ဟာလဲ သူ့ရဲ့ Facebook
Jobs ကိုပိုမိုကောင်းမွန်အောင်ဆောင်ရွက်လာတာတွေ့ရပါတယ်။ Job portal ပုံစံမျိူး အထိ အလုပ်ခေါ်စာတွေတင်နိုင်အောင်လုပ်ဆောင်ထားပြီး အလုပ်လျောက်ထားသူက မိမိရဲ့ Facebook profile ကနေ ကြိုက်နှစ်သက်ရာ အလုပ်ကို Click တစ်ချက်နှိပ်ပြီး လျောက်ထားလိုက်ရုံပါပဲ။

အလုပ်ခေါ်မယ့် အလုပ်ရှင် ဒါမှမဟုတ် HR မန်နေဂျာတွေကလဲ မိမိကို မက်ဆင်ဂျာကနေတိုက်ရိုက် အင်တာဗျူးမေးခွန်းတွေမေးတာ ဗီဒီယိုကောလ် ခေါ်ပြီးအင်တာဗျူးတာတွေအထိလုပ်ဆောင်နိုင်ပါတယ်။

ကုမ္ပဏီနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တော်တော်များများဟာ Facebook Jobs ကနေJob Vacancies တွေကို တင်လေ့ရှိတာမို့ ရှာဖွေဖတ်ကြည့်သင့်ပါတယ်။ အရေးကြီးတာကတော့ Keywords တွေသုံးပြီးရှာတတ်ဖို့ပါ။

အလုပ်ခေါ်စာမှာဖော်ပြတာတွေကိုသေချာဖတ်ပါ

အလုပ်လျှောက်တဲ့သူတော်တော်များများလုပ်မိတတ်ကြတဲ့အမှားက အလုပ်ခေါ်စာသေချာမဖတ်ကြတာပါပဲ။ အလုပ်ရလိုဇောနဲ့ စာသေချာမဖတ်ပဲ အင်တာဗျူးသွားဖြေတော့မှ အလုပ်ရှင်လိုချင်တာနဲ့ ကိုယ်လုပ်တတ်တာအံခွင်ဝင်မကျပဲ နှစ်ဘက်စလုံးအတွက်မှန်းချက်နဲ့ နှမ်းထွက်လွဲနေတတ်ပါတယ်။ခေါ်စာထဲမှာပါတဲ့အကြောင်းအရာတွေ လုပ်ရမဲ့တာဝန်တွေကိုသေချာဖတ်ပြီး ကိုယ်လုပ်နိုင်တယ် ပိုင်နိုင်တယ် လုပ်ခဲ့ဘူးတဲ့အတွေ့အကြုံတွေရှိတယ်ဆိုတော့မှာ အဆိုပါအလုပ်ကိုလျှောက်သင့်ပါတယ်။

Cover Letter တစ်စောင်မဖြစ်မနေထည့်ပါ

အလုပ်ရှင်တော်တော်များများ၊ အင်တာဗျူးသူတော်တော်များများက CV ကိုဖတ်မကြည့်ခင်မှာ Cover Letter ကိုအရင်ဖတ်လေ့ရှိပါတယ်။ အရည်အသွေးပြည့်ဝတဲ့ Cover Letter တစ်စောင်ဟာဖတ်ရုံနဲ့တင်
CV ဆက်ကြည့်စရာမလိုပဲ အင်တာဗျူးချင်စိတ်ဖြစ်စေနိုင်ပါတယ်။ အလုပ်ကိုဘယ်ကနေရှာဖွေတွေ့ပြီးစိတ်ဝင်စားလို့လျှောက်ရခြင်းဖြစ်ပါတယ်ဆိုတာနဲ့အစချီပြီး ကိုယ်ရေးအကျဉ်းအနည်းငယ်နဲ့ အလုပ်အတွေ့အကြုံတွေအကြောင်းပါဝင်အောင်ရေးပေးရမှာဖြစ်ပါတယ်။

လိုအပ်တဲ့အချက်အလက်တွေပေါ်လွင်ပါစေ

အလုပ်ရှင်လိုချင်တဲ့အချက်အလက်တွေ ဘယ်လိုအရည်အချင်းတွေရှိရမယ်ဆိုတာကို အလုပ်ခေါ်စာထဲမှာတွေ့အောင်ရှာပါ။ ကိုယ့်မှာရှိပြီးသားအတွေ့အကြုံတွေနဲ့ဆက်စပ်အောင် ပေါင်းစပ်ရေးသားပြီး Cover Letter တွေနဲ့ CV Form တွေမှာ အလုပ်ရှင်မြင်သာလာအောင်ထည့်ရေးပေးဖို့အရေးကြီးပါတယ်။

ပစ်မှတ်တစ်ခုကို မြှားတစ်ချောင်းပဲပစ်ဖို့လိုပါတယ်

Online ကနေ အလုပ်လျှောက်တဲ့အခါ Job Portal တွေ Search Engine တွေကတဆင့် ကုမ္ပဏီတစ်ခုတည်းကိုပဲ နေရာအများကြီးလျှောက်မိတာတွေဖြစ်တတ်ပါတယ်။ ဒါဟာ အလုပ်ရှင်ကိုရော အင်တာဗျုးမဲ့သူကိုရော ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပြီး သင့်တော်တဲ့နေရာကိုရွေးချယ်ခန့်ထားဖို့အခွင့်အလမ်းနည်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်လျှောက်သမျှအလုပ်နေရာတွေနဲ့ကုမ္ပဏီတွေကို သေသေချာချာစာရင်းပြုစုထားဖို့လည်းအရေးကြီးပါတယ်။

Social Media ပေါ်မှာ up to date ဖြစ်ဖို့လည်းမမေ့ပါနဲ့

အလုပ်ရှင်တွေ အင်တာဗျူးသူတွေဟာ သူတို့စိတ်ဝင်စားတဲ့ Job Application တစ်စောင်ကိုဖတ်ပြီးပြီးချင်းလုပ်တတ်တာကတော့ Social Media မှာ check in လိုက်တာပဲဖြစ်ပါတယ်။ Facebook account က
Information တွေ Bio တွေကို အချိန်နဲ့တပြေးညီ update လုပ်ထားပါ။LinkedIn မှာလည်း ပြည့်ပြည့်စုံစုံရေးထားသင့်ပါတယ်။ လိုချင်တဲ့ အချက်အလက်တွေရှိတဲ့LinkedIn profile တစ်ခုဟာ Virtual Resume တစ်ခုလိုပါပဲ။ အလုပ်ရှင်တော်တော်များများဟာ CV Form တွေဖတ်ရတာထက် LinkedIn ကနေပဲကိုယ်စိတ်ဝင်စားတဲ့သူကိုတိုက်ရိုက်ခေါ်တာမျိုးတွေကို ပြုလုပ်လာကြပါတယ်။

နောက်ထပ်သတိထားရမှာတစ်ခုက Facebook ပေါ်မှာ အတတ်နိုင်ဆုံး Professional ဆန်ဆန်နေသင့်ပါတယ်။ အရမ်းကြီး တည်ကြည်နေရမယ်လို့ဆိုလိုတာမျိုးမဟုတ်ပေမဲ့ အရင်အလုပ်တွေ အလုပ်ကမန်နေဂျာတွေကို မကျေနပ်တဲ့အကြောင်း Facebook ပေါ်ကို post တင်တာမျိုးတွေ၊ အလုပ်ရဲ့ အတွင်းရေးတွေကိုရေးတင်ထားတာမျိုးတွေရှောင်သင့်ပါတယ်။ ရေးထားမိတာတွေရှိရင်လည်း ပြန်ရှာပြီးဖျက်ထားသင့်ပါတယ်။ Social Media ဟာလည်း ကိုယ့်ရဲ့ စိတ်နေသဘောထားကိုထင်ဟပ်နေတဲ့တစ်စိတ်တစ်ပိုင်းပဲမို့ အထူးသတိပြုစေချင်ပါတယ်။ လူပေါင်းများစွာဟာကိုယ့်ကိုမြင်နေရတယ်ဆိုတာ မမေ့စေချင်ပါဘူး။

မပို့ခင် သေချာစစ်ပါ

အလုပ်လျှောက်လွှာတွေပို့တဲ့အခါ တစ်ခုရှိတာက စာလုံးပေါင်းသတ်ပုံအမှားတွေ၊ ဝါကျအမှားတွေ ကိုဂရုစိုက်သတိပြုသင့်ပါတယ်။ အကြိမ်ကြိမ်အခါခါစစ်ဆေးပြီးမှ Send ခလုတ်ကိုနှိပ်ပါ။ ပို့ပြီးသွားရင် ပြန်ပြင်ဖို့မဖြစ်နိုင်တော့ပါဘူး။
First Impression ဟာအရေးကြီးဆုံးမို့ လူမမြင်ရသေးခင် Cover Letter နဲ့ CV form ကိုမြင်လိုက်တာနဲ့တင် အလုပ်ရှင်နဲ့ အင်တာဗျုးသမားတွေကိုအထင်ကြီးသွားစေမယ်ဆိုရင်တော့ ဒီအလုပ်ကိုရဖို့အတွက် ငါးဆယ်ရာခိုင်နှုန်းတော့ သေချာနေပါပြီ။

ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပါ။

အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။


ဤဆောင်းပါးကို တစ်ခုထက်ပိုမိုသော မူရင်းဆောင်းပါးများမှ မှီငြမ်း ထုတ်နုတ် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။ Quantum Talent ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။ သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။

ကျွန်ုပ်တို့ Quantum Talent Facebook Page ရှိ နောက်ဆုံးတင်ထားသော Job Advertisements များနှင့် ဆောင်းပါးများကိုလည်း မှန်မှန်ဝင်ကြည့်ရန် ဖိတ်ခေါ်ပါရစေ။